
~~~~ ရတနာများ ~~~~
.....သာသနာပြု .....
..... မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့်လမ်းညွှန်မှု့များကို တိကျသေချာစွာ လိုက်နာသင်ယူ နာကြား ကျင့်ကြံ ပွားများပြီး တတ်သိနားလည်သည်များကို မသိနားမလည် သေးသောသူ အပေါင်းအား တဆင့်ပြန်၍ ဟောပြော ဆုံးမညွှန်ကြား ပြသသင်ကြား ပေးခြင်း ။
(ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို နာကြား-သင်ယူ-ပို.ချ-ကျင့်ပွား -အားထုတ်နေခြင်း) ......သာသနာပြုပုဂ္ဂိုလ်
= မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့်လမ်းညွှန်မှု့များကို တိကျ သေချာစွာ လိုက်နာ သင်ယူနာကြား ကျင့်ကြံ ပွားများပြီး တတ်သိ နားလည်သည်များကို မသိနား မလည်သေးသော သူအပေါင်းအား တဆင့်ပြန်၍ ဟောပြော ပို.ချဆုံးမ ညွှန်ကြား ပြသပေးသောသူကို သာသနာပြုပုဂ္ဂိုလ်။
......သာသနာ ၃-ရပ် ......
၁။ ပတ္တိရတ္တိ သာသနာ........ -သင်အံလေ့လာနာကြားခြင်း = (သင်ကြား)။
၂။ ပတ္တိပတ္တိ သာသနာ... -သိထားသည်များကို စနစ်တကျ ကျင့်ကြံပွားများခြင်း=(အကျင့်)
၃။ ပတ္တိဝေဒ သာသနာ... -သင်အံလေ့လာနာကြားခြင်း များနှင့် -သိထားသည်များကို စနစ်တကျ ကျင့်ကြံပွားများခြင်း ၂.ရပ်စလုံးကို ပတ္တိဝေဒ သာသနာ... ဟုခေါ်ပါသည်။ .....“သာသနာဖျက်ပုဂ္ဂိုလ်”
= ...သာသနာပြုပုဂ္ဂိုလ် ဆိုသောအနက်နှင့် ဆန့်ကျင်ဘက်။
.....ဘုရား တရား သံဃာ ကိုဘာကြောင့်ရှစ်ခိုး ကန်တော့ ရလည်း ......
- ရေတွက်ပြလို့ မရလောက်အောင် အနန္တ-အနှိုင်းမဲ့ကျေးဇူးများ ရှိလို့ ရှစ်ခိုးရတာ။ .....ဘုရား တရား သံဃာသည် ဘာကြောင့် ကျေးဇူးများရသလည်း.....
- မိမိ၏ ယ္ခုဘ၀ နှင့် နောင်သံသရာ ဘ၀များ အတွက်ပါ ...
အကြောင်း အကျိုး အကောင်း အဆိုး အမှားအမှန် တို.ကို တိတိကျကျ သေသေချာချာ လေးလေးနက်နက် သိစေအပ် ပါသောကြောင့်.....
......ဘုရား တရား သံဃာကို ဘယ်လို ရှစ်ခိုးရမလည်း.....
- အနှိုင်းမဲ့ကျေးဇူးများရှိသည်ဟု ကျေးဇူးတရားများကို သိမြင်ပြီး ရှစ်ခိုးရမှာ။ .....သံသရာ.....
....စဉ်ဆက်မပြတ် လည်ပတ်နေသောသဘော။
.....အဆုံး အစ မရှိခြင်း သဘော။
.....ကံသုံးပါး .....
၁။( ကာယကံ )ံ=ကိုယ်တိုင် ကိုယ်ထိလက်ရောက်လုပ်တာ ။
၂။(၀စီကံ)= အပြောအဆို(ပါးစပ်) နဲ့လုပ်တာ။
၃။( မနောကံ )ံ= စိတ်ကူး နဲ့လုပ်တာ ။
.....တိထ္တိ =
(၀ါဒရှင်) အယူဝါဒအမျိုးမျိုးကို ဖန်တီး တီထွင် ကြံစည် နေကြသူများ ။
.....မိစ္ဆာ =
( မကောင်းဆိုးဝါး) အလုံးစုံသော မကောင်းမှု့မှန်သမျှတို့ကို ဖန်တီးပြုလုပ်တတ်သောသူ။
.....ဒိဋ္ဌိ=
သာသနာပ အချိန်ကာလမှာ ( အယူဝါဒ/အယူအဆ) ဟုခေါ်ပြီး ။
သာသနာတွင်း ကာလမှာ( အမြင်အမှန်တရား ) ။
........လောကမှာ ဒိဋ္ဌိ=၂ မျိုးဘဲ ရှိတယ်။
(၁)။ မိစ္ဆာဒိဋ္ဌိ -မကောင်းဆိုးဝါး /အယုတ်ညံဆုံးသော အောက်တန်းအကျဆုံးသော ။ -အလုံးစုံသော မကောင်းမှု့မှန်သမျှတို့ကို ဖန်တီးပြုလုပ်သည့် အယူအဆ၀ါဒ (အသိအမြင်) ။
(၂)။သမာဒိဋ္ဌိ မှန်ကန်တိကျသေချာစွာ သိမြင်တတ်သော(အယူအဆ၀ါဒ/ အမြင်အမှန်တရား) ။
.....အပယ်၎.ဘုံ.....
၁။ ငရဲဘုံ ၂။ တိရိစ္ဆာန်ဘုံ ၃။ ပြိတ္တာဘုံ ၄။ အသူုရကယ်ဘုံ
.....ဓမ္မာရုံ =
ဓမ္မ အာရုံတို့ ကျက်စားရာ/ ထုံမွန်းရာ နေရာ ။
.....ယောဂီ =
မြတ်သောအကျင့်ကိုကျင့်ကြံ အားထုတ်နေသောသူ ။
.....ယောဂီ အတွက်ဆောင်ပုဒ် = အမှု့မများ၊စကားသိမ်းဆည်း၊ စောင့်ဆည်း အိနြေ္ဒ၊ အိပ်နေနိုးကြား၊ အစားမကြီး၊ တယောက်တည်းနေ....ဤ ၆.ထွေ မှတ်ရန်.ယောဂီ အတွက်။ .....တရားရိပ်သာ =
စုပေါင်း၍ တရားအားထုတ်သောနေရာ / ဋ္ဌာန ။
.....တရားအားထုတ်ခြင်း
-တရားကိုသိအောင်လုပ်တာ ။ တရားအသိ စင်ကြယ်အောင်လုပ်တာ ။ ကိုယ့်အရှိကို သိအောင်လုပ်တာ။
-တနည်းအားဖြင့်...ကိုယ့်အကြောင်းကို ကိုယ်သိအောင်လုပ်ခြင်း ။ ကိုယ့်ကိုယ်အရှိ နှင့် အသိ ကိုက်အောင်လုပ်တာ ။
-လုပ်ဆောင်ရမှာက..... -ပထမဦးဆုံး (အိနြေ္ဒစောင့်ထိမ်းမှု့) ကစတင်ရမှာဖြစ်တယ်။ -ဥပမာ -သွား လာ ပြောဆို နေထိုင်လုပ်ကိုင် နားထောင် ကြည့်ရှု့ စား သောက် အိပ် မှု့များ..... စသဖြင့် အားလုံးကို ““သတိ နဲ့ သိအောင်”” နေတာကို ခေါ်သည် ။
.....ဥာဏ် = (ပညာ)
အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ပိုင်းခြားသိတာ...ဥာဏ်/ပညာ .....အရိယာ =
သူတော်ကောင်း / သူတော်စင်
.....ဗုဒ္ဓဘာသာဝင် = သစ္စာလေးပါးတရားအသိပိုင်ရှင် မြတ်ဘုရားသခင်၏ အဆုံးအမ အတိုင်း တိကျသေချာစွာ လိုက်နာကျင့်ကြံ နေထိုင်သူ။
.....ဗုဒ္ဓ+ဘာသာ.....
- ( ဗုဒ္ဓမြတ်စွာ )ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ + အဆုံးအမ သြ၀ါဒ။
.....““ဘုရား””
.....သစ္စာလေးပါးမြတ်တရားတော် တို့အား ဆရာအကူ အညီလုးံဝမရှိပါဘဲ မိမိ၏ သရဗ္မူ.ဥာဏ်တော်မြတ်ကြီးဖြင့် တစမကျန် အလုံးစုံ၊အကုန်အစင် သိမြင်၊ရရှိ ဆောင်ယူတော်မူပြီး ဝေနေယျသတ္တ၀ါ အပေါင်းအားလည်း သိမြင် နားလည်အောင် ဟောဖော် ညွှန်ပြပြီး သံသရာဝဲသြဂမှ ကယ်တင် ဆောင်ယူတော်မူ နိုင်သော ပုဂ္ဂိုလ်မြတ်ကြီး ။
.....““တရား””
- ဘုရားရှင် ကိုယ်တော်မြတ်ကြီး ၄၅.၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် မပြောင်းမလွဲ မဖောက်မပြန် မယိမ်းမယိုင်ဘဲ ထာဝရ တိကျမှန်ကန် တိကျ သေချာသော သဘာဝအကြောင်းခြင်းရာများ ။
.....““သံဃာ””
- ကိလေသာ အညစ်အကြေးများ ကုန်စင်ပါးအောင် ကျင့်ကြံ ပွားများနေပြီး အကျဉ်းအားဖြင့် ၂၇၀-ကျော်သော သိက္ခာပုဒ် တော်တို့အား လိုက်နာ ဆောင်ယူထားပြီး တရားတော်မြတ်တို့အား ကိုယ်တိုင်လည်း သိရှိ ၊ကျင့်ကြံပွားများပြီး ဝေနယျသတ္တ၀ါ အပေါင်းအားလည်း သိမြင်နားလည်အောင် ဟောဖော်ညွှန်ပြ ပေး၍ ဗုဒ္ဓသာသနာ တော်မြတ်အား ထာဝရစည်ပင်ဝပြော နေစေရန် နှင့် မကွယ်မပျောက် မပျက်မစီးဘဲ နေလို၊လလို အစဉ်ထာဝရမြဲမြန် ထွန်းလင်းတောတ်ပ နေစေရန် အစဉ်ကျိုးပမ်း ရွက်ဆောင်နေသော စည်လုံးညီညွတ်နေသော မြတ်ဘုရား၏ တပည့်၊သားတော်များကို ခေါ်ဆို၏။
.....သရဏဂုံ ၃.ပါး =
ဗုဒ္ဓံ သရဏံဂစ္ဆာမိ ၊ ဓမ္မံ သရဏံဂစ္ဆာမိ ၊ သံဃံ သရဏံဂစ္ဆာမိ ၊။
.....ရတနာ.....
- လောက၌ လူသားတို့မှ အဖိုးအနတ္တက္ကမ အရှိဆုံး။ ရရှိရန် အလွန်. အလွန်အခက် အခဲဆုံး အလွန်အရှားပါးဆုံးဟု သတ်မှတ် တန်ဘိုး ထားသောအရာဝတ္ထု ပစ္စည်း ။ .....ရတနာ ၃.ပါး .....
၁။...ဘုရား-အမြတ်ဆုံးရတနာ ။ ၂။...တရား-အမြတ်ဆုံးရတနာ ။ ၃။...သံဃာ-အမြတ်ဆုံးရတနာ ။
......လောက၏ ရတနာများထက်တုနှိုင်း၍ မမှီအောင် သာလွန်မြင့်မြတ်သော အနှိုင်းမဲ့ ရတနာများဖြစ်၏ ။
.....ကုသိုလ်
လောဘ ဒေါသ မောဟ မပါဘဲပြုလုပ်သော အလုပ်ကို ကုသိုလ်ဟုခေါ်သည်။
.....( မိမိပြုလုပ်သော မည်သည့်အလုပ်မဆို။ )
.....အကုသိုလ်
လောဘ ဒေါသ မောဟ နှင့် ပြုလုပ်သော အလုပ်ကို အကုသိုလ်ဟုခေါ်သည်။
.....( မိမိပြုလုပ်သော မည်သည့်အလုပ်မဆို )
~~~~~~ (ဆက်လက်ရေးသား ဖော်ပြ / တင်ပြ - ပါအုန်းမည်..........)~~~~~~



No comments:
Post a Comment