~~~ နမောတသ၁ ဘဂ၀တော - အရဟတော သမ္မာသံဗုဒ္ဓသ၁ ~~~
~~~~~~.....“ဘလော့”... အဦးအစ အဖွင့်စာမျက်နှာလေးကို....~~~~~~
.....ဆရာအရှင်၏ကန်တော့နည်းဖြင့်..... ရှစ်ခိုးကန်တော့ကာ စတင်ပါသည်။
.....အနန္တဂုဏ်အင် ကျေးဇူးရှင်များ ဖြစ်ကြသော အနှိုင်းမဲ့ရတနာမြတ် သုံးပါးနှင့်မိဘ-ဆရာ အနန္တငါးဖြာအား ရိုသေမြတ်နိုး လက်ဆယ်ဖြာ ဦးထိပ်မှာ မိုးလို့ ရှစ်ခိုးကန်တော့ပါ၏........
““ဘုရားရတနာ””
..... သစ္စာလေးပါး မြတ်တရားတော် တို.ကို ဆရာမကူ သရဗ္မူဥာဏ်တော်မြတ်ကြီးဖြင့် မိမိကိုယ်တော်တိုင် အကြွင်းမဲ့အကုန်အစင် ထိုးထွင်းသိမြင် အောင်မြင်တော်မူပြီး ...သတ္တ၀ါဝေနေယျ အပေါင်းတို.အား ၄၅၀ါ.ကာလပတ်လုံး သစ္စာရေအေး အမြိုက်ဆေးတော် တို့ကိုတိုတ်ကျွေး တော်မူပေထသော ...
ကျေးဇူးတော် အရှင်သခင် မဟာဂရုဏာတော်ရှင် ဗုဒ္ဒံမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို၎င်း ..............။
““တရားရတနာ””
....... မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကောင်းစွာ ဟောကြား ညွန်ပြ ဆုံးမတော် မူခဲ့၍ .....ဆုံးမတော်မူ ခဲ့သည့်အတိုင်း လိုက်နာကျင့်ဆောင်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို.အား .......
လိုက်နာကျင့်ဆောင်သူတို့ ကျင့်ဆောင်ကြသည့် အလျှောက် အခါမလင့်သော အကျိုးကျေးဇူးအထူး တို.ကို ပေးစေတော်မူပေတတ်သော......
ရရှိစေတော် မူပေတတ်သော .......ဓမ္မံ, ဓမ္မတရား တော်မြတ်တို.၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို၎င်း ..............။
““သံဃာရတနာ””
..... ဗုဒ္ဒံမြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အဆုံးအမ ဓမ္မဒေသနာ တော်မြတ်တို့အား ယနေ.အချိန်ထိ နှစ်ပေါင်း ၂၅၅၄ ခုနှစ် တိုင်တိုင် အဓွန်ရှည် တည်တံခိုင်မြဲနေစေရန်အတွက် အစဉ်အဆက် အလွန်ခက်ခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးမားစွာဖြင့် အသက်ကိုစွန့်ကာ ထိမ်းသိမ်းကာကွယ် စောင့်ရှောက် တော်မူလာ ကြကုန်သော သံဃံ,သံဃာတော် အရှင်သူမြတ်အပေါင်း၏ ဂုဏ်တော် ကျေးဇူးတော်.....
“အမိ-အဖ ”
.....ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အချိန်မှစတင်၍ လူဖြစ်အောင် ကျွေးမွေး လာခဲ့ကြသော ဘ၀တပါးသို့ကွယ်လွန်အနိစ္စ ရောက်သွား ကြပြီဖြစ်သော မွေးသဖခင် ကျေးဇူးရှင်ကြီး၊ မွေးသမိခင် ကျေးဇူးရှင်ကြီး နှင့် ကျန်ရှိနေသော ကျွှေးသမိခင် ကျေးဇူးရှင်ကြီး တို့အား၎င်း.......
“ဆရာများ”
........ ကျွှန်ုပ်အား ဓမ္မတရားအသိ၊ အသိတရားများ ရရှိလာအောင် ညွန်ကြားပြသ ဆိုဆုံးမတော်မူ ကြသော ကျေးဇူးတော်အရှင် မိုးကုတ်ဆရာတော် ဘုရားကြီး နှင့် တပည့်ဓမ္မကတိက ဆရာတော် ဥူးသုမင်္ဂလ၊ ဆရာသခင် ကျေူးဇူးရှင် အပေါင်း၏ ဂုဏ်ကျေးဇူးတော် တို့ကို၎င်း..............။
..... အနှိုင်းမဲ့ မဟာကျေးဇူးရှင်ကြီး များဖြစ်ကြသော အနန္တောအနန္တ ၅.ပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်မြတ် အပေါင်းအား ......
.....မမေ့မလျော့ မပေါ့ဆသော သတိ၊အသိတရား တို့နှင့်အတူ .........
-ဘုရားတပည့်တော်သည် လက်ဆယ်ဖြာကို ကြာဗဒုံမာကဲ့သို့ ဦးထိပ်မှာမိုးပြီး ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ရိုကျိုးခြင်း ကြီးစွာ - ထိခြင်း ၅.မျိုးနှင့် ရှစ်ခိုးကန်တော့ပါ၏ ။............ suymmm......
..... “ သမီး နှစ်ယောက် ” နှင့် သားများအတွက်သာ ................
ဖန်တီးကာဖြင့် ရည်ရွယ် ရေးသား/တချို့အားကူးယူထားပြီး “ဘလော့ဂါ” အမည်ခံ ကြံဖန်ထားသည်.....
.....တတ်သိနားလည် လူတကာတွေ အတွက် ဆရာရယ်လို. လုပ်ဖို.မရွယ်ရည် - မကြံစည်ရယ်တာ ...... အတိကျအသေအချာ ကျိန်တွယ်ပြီးကာ “သစ္စာ” ဆိုပါ၏ ။.....
...တတ်သိ နားလည် အသိကြွယ်သော...လူပညာရှိ ရဟန်းပညာရှိများ ...... ------{သည်ဘလော့ကလေး} ပမွှားလေးကို မတော်တဆ တွေ.ရှိသွားက
...{လိုအပ်နေတာ/ မှားနေတာကို} အပြစ်မမြင်ဘဲနဲ့ ချစ်ခင်ကာ “ဆဲလျှက် ”- တွေ့တဲ့နေရာ ““ဆောက်ကန်”” ပြီးသာ ဆုံးမပြုင်ပြင် ပေးကြပါခင်ဗျာ.....။
နာခံ ရန်အသင့် ရှိနေသည် .......။ .......suymmm...

““ဆရာတော် မေတ္တာရှင်၏ အဆုံးအမကို ပြန်လည်ပြီး တဆင့်ဖော်ပြခြင်း ဖြစ်ပါသည်””
--- ကြားသိ ဖတ်မိသူအပေါင်း အမှန်ကိုသိမြင် နိုင်ကြပြီး အမြန်ဆုံး ပြုင်-ပြောင်းလွှဲ ကြပြီးလျှင် တကယ့်အစစ်အမှန် အဖိုးထိုက်တန်သော “အခေါက်ရွှေ” များဖြစ်ကြစေကုန်သတည်း ........။
.....မြန်မာများ ဆင်းရဲရခြင်း/အောက်တန်း နောက်တန်း ကျရခြင်း/မတိုးတတ် မဖွံ့ဖြိုးရခြင်း ငတ်မွတ်ခေါင်းပါးနေရခြင်း ကမ္ဘာအနှံအပြားမှာ ကျွှန်လိုက်ခံနေရခြင်း မွဲသထက်မွဲနေရခြင်း စသဖြင့်........
......မဖြစ်မနေ ပြုင်စရာ ၁၁.ချက်ကို တဆင့်ဝေငှ သိစေပါသည်....
...၁။
.....ရွှေမြန်မာများသည်တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။.....ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။
-ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့.......
ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ -ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။...၂။
-မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။
ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။...၃။
-ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။...၄။
-ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့ အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။...၅။
-အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။...၆။
-အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။...၇။
- ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။
ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။
ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။
ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။
ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။
အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။...၈။
-မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။...၉။
-နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။...၁၀။
-နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။...၁၁။
- မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။
အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။
တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။ - မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။
ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။
၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောပါတယ်။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။
မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
ယနေ့မှစ...ဖော်ပြပါ ၁၁.ချက်အား လိုက်နာကျင့်သုံးကြပါစို့........
~~~ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။~~~

...သမီးလေး သိစေဖို.ရာ.....သီတင်းကျွှတ် မီးထွန်းပွဲတော်မဟာ.......
..... သီတင်းကျွတ်လပြည့်နေ့ ညမှာ........
----( အဘိဓမ္မာဒေသနာ-တရားတော် )ကို...ဟောကြားတော်မူပြီး နတ်ပြည် နတ်ရွာမှ စောင်းတန်း ၃.သွယ်နဲ့ သိကြား ဗြဟ္မာ များခြံရံကာ လူတို့ဌာနေ သို့အပြန် ..... ---လူ့ပြည်မှလည်း လူသားအပေါင်းက လွမ်းဆွတ်-တသကာ- သုံးလူထွဋ်ထား မြတ်ဘုရားအား ရောင်ဝါထိန်ညီး ဆီမီးများဖြင့် သောင်း-၂ ဖြ-၂ ကြိုဆိုပူဇော် ဖူးမျှော်ကြရာ ...... ထိုအလေ့အထသည် ယနေ့တိုင်အောင် ဆက်လက်ပြီး သီတင်းကျွှတ် လေတိုင်း “မြတ်ဘုရားအား”... ဆီမီးများဖြင့် နှစ်စဉ်မပျက်မကွက် ကြိုဆိုပူဇော် လာခဲ့ကြခြင်းကို အကြောင်းပြုလို့ သီတင်းကျွတ် မီးထွန်းပွဲတော် ရယ်လို့ပေါ်ပေါက်လာတာ နှစ်ပေါင်း ၂၆၀၀-ပြည့်တော့မည်။
......နောက်လည်းတဖန် တနည်းဆိုရလျှင်........
.....သီတင်းကျွတ်လပြည့်နေ.သည်- ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။
.....ပိုပြီးထူးခြားတာကဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာမြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်းဖြစ်ပါတယ်။.....မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါးဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ .....ဒီအလေ့အထဟာ နတ်ပြည်ကဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင်စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ .....မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာကပ်ဆိုတော်မူပါတယ်။
..... ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော်ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
..... ဘုရားရှင်ရဲ့မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး(၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ .....ဘုရားဖြစ်တော်မူပြီးတဲ့မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်းဖြစ်ပါတယ်။.....အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။.....၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့်နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။
.....ဘုရားရှင် လူ့ပြည်ဆင်းတဲ့အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကိုဆက်လက်ဟောကြားစေတော်မူပါတယ်။.....နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာအရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာဒေသနာတော်အကြောင်းအကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။
.....အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။
......ပြီးတော့အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။.....ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီးတပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာဒေသနာတော်ပဲ ဖြစ်ပါတယ်။ ......တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကိုနေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန်လူ့ပြည်မှာလည်း အပြီးတိုင်ဟောကြား ပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။
..... အဘိဓမ္မာဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာသောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာအပေါင်း ဟာလည်းတရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။ ......တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကိုဆင်းကြွတော်မူပါတယ်။
လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။
.....ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကိုဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသောပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။
.....ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာသီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာအဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွား သရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။
.....ဒါကြောင့်သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ်အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ်သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။......စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက်မိတ်ဆက် တင်ပြလိုပါတယ်။
ဘုရားရှင်ရဲ့ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကိုသတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများလိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့အာဏာဒေသနာ၊ အဘိဓမ္မာ ပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား)များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။
..... ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရအဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကိုတကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကိုဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။.....အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊စေတသိက်တို့ရဲ့သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက်ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။......ပြီးတော့ အဘိဓမ္မာမှာ လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကိုတိတိကျကျဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေးတရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။
.....ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်းသိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိမျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ......ဒီလိုအကျိုးတရားနဲ့ သဘောတရားများကိုအဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသ ပေးထားတဲ့ အတွက်အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်းဆိုခြင်းဖြစ်ပါတယ်။
ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကိုအကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။.....ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှုအကြောင်းပဲ ဖြစ်ပါတယ်။...... မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများတိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်းသိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာဖြစ်ပါတယ်။.....ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာတာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ..........ဘုရားရှင်ကိုလည်း ပူဇော်ရင်းဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်းလေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာကုသိုလ်တရား ပွားနိုင်ကြဖို့ ...........
...........သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာအခါတော်နေ့ အကြောင်းကို- ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်.........။
........သို့ဖြစ်ပါသောကြောင့်-----
.........ဗုဒ္ဓရှင်တော်မြတ်အား သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ ဆီမီးများနှင့်ကြိုဆို ဖူးမျှော်ပူဇော်ကန်တော့ခြင်းကို ..... ဗုဒ္ဓဘာသာဝင်တို့ အပျော်ကျုးရန် ဒုစရိုက်အားလုံး တရားဝင် ပြုလုပ်ရန် ပွဲတော်ကြီး မဟုတ်ပါကြောင်း..... ဗုဒ္ဓဘာသာဝင်တိုင်း ရင်ထဲမှ (လေးနက်) ၂ သိနားလည်ပေးကြပါ.......။

.....ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
......ကျွန်တော်၏ဓမ္မ မိတ်ဆွေများ ဘာသာရေး အသိ တိုးပွါးစေခြင်းအကျိုးငှာ သုတေသနသရုပ်ပြအဘိဓါန် မှ ကူးယူဖော်ပြပါသည်။
၁ ။...ဘုရားရှင်အမည်တော်...။
၂ ။...ဒုက္ကရစရိယာကာလ။
၃ ။ ...အမှီပြုသည့်အပင်။
၎ ။...အသက်တော်။
(၁) တဏှင်္ကရာဘုရား- ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ တသိန်း
(၂) မေဓင်္ကရာဘုရား ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား- တလ၊ သခွတ်ပင် ဗောဓိ၊ ရှစ်သောင်း။ (၄) ဒီပင်္ကရာဘုရား- ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ တသိန်း။
(၅) ကောဏ္ဍညဘုရား- ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ တသိန်း။
(၆) မင်္ဂလဘုရား- ရှစ်လ၊ ကံ့ကော် ဗောဓိ၊ ကိုးသောင်း။
(၇) သုမနဘုရား- ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ ကိုးသောင်း။
(၈) ရေ၀တဘုရား- ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ ခြောက်သောင်း။ (၉) သောဘိတဘုရား- ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား- ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ တသိန်း။
(၁၁) ပဒုမဘုရား- ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ တသိန်း။
(၁၂) နာရဒဘုရား- ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား- ၇ -ရက်၊ ထင်းရူးပင် ဗောဓိ၊ တသိန်း။
(၁၄) သုမေဓာဘုရား ၁၅-ရက် ထိန်ပင် ဗောဓိ၊ ကိုးသောင်း။ (၁၅) သုဇာတဘုရား- ကိုးလ ၊ ၀ါးပင် ဗောဓိ၊ ကိုးသောင်း။ (၁၆) ပီယဒဿီဘုရား- ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား- ရှစ်လ၊ စကားပင် ဗောဓိ၊ တသိန်း။
(၁၈) ဓမ္မဒဿီဘုရား- ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ တသိန်း။ (၁၉) သိဒ္ဓတ္ထဘုရား- ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ တသိန်း။
(၂၀) တိဿဘုရား- ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ တသိန်း။
(၂၁) ဖုဿဘုရား- ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ ကိုးသောင်း။
(၂၂) ၀ိပဿီဘုရား- ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ ရှစ်သောင်း။ (၂၃) သိခီဘုရား- ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား- ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား- ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ လေးသောင်း။
(၂၆) ကောဏဂုံဘုရား- ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သုံးသောင်း။
(၂၇) ကဿပဘုရား- ၆-ရက်၊ ပညောင်ပင် ဗောဓိ၊ နှစ်သောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား- ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေဗောဓိ၊ ရှစ်ဆယ်။ ..................ကြည်ညို သဒ္ဒါ ပွားများ နိုင်ကြပါစေ..........။

.....ချစ်သမီးငယ် ---
.....အဖေတို.၏ ကျေးဇူးတော်အရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇ၀င် အထ္တုပ္ပတိအကျဥ်း )
တန်ဖိုးရှိလှတဲ့ ဗဟုသုတ ဖြစ်စေခြင်း အတွက်--- ။
*အမည်- သိဒ္ဓတ္ထ ဂေါတမ
*ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး မယ်တော် - မိဖုရား မဟာ မာယာ
(မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)
*လူမျိုးစု - ခတ္တိယ
*မိထွေးတော် - မဟာပဇာပတိ ဂေါတမီ
*မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့
*မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်
*မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ *မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်
*ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”
*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်
*အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်
*ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)
*သားတော် - ရာဟုလာ *ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်) *ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)
*ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”
*နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း
*သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ” *တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ) *တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့
*မြင်းရထားမောင်းသူ - ဆန္နအမတ်
*တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်) *ဖြတ်သွားသည့်မြစ် - အနော်မာ
*သွားသည့်နေရာ - ဥရုဝေလတော
*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ) *ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်
*ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း
*နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -
*အမှီပြုသည့်အပင် - ဗောဓိပင်
*ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်
*ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့
*တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊ တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့ *ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ *အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
*အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ
*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)*ရောဂါ - သွေးဝမ်းသွားရောဂါ
*သက်တော် - ၈၀ နှစ်
*၀ါတော် - ၄၅ ၀ါ
*ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား
*ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည်
(ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)
*ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်*ဗုဒ္ဓ၏ နောက်ဆုံးစကား -
“ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။
........သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့”
............( အပ္ပမာဒေန သမ္မာဒေထ )..........
*ပရိနိဗ္ဗာန်ပြုသည့်အချိန် -
ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ .......ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။ *ပါရမီ(၃)မျိုး၊
*သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။စွန့်ခြင်းကြီး(၅)ပါး၊ ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊ ၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊၄။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊ ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။.....ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။
......နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
......ကြည့်ခြင်းကြီး(၅)ပါး၊ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊ ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။ ..........ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။ .....ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
....ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက် ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။
...... ကပိလ၀တ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။
ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလ၀တ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။
သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေ၀ီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။
...နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော် သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေ၀ဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။
ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။
.....၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။ ............ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
.....သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ ...ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။
.........(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။
..... ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော .....။..... ( ပု )ညဥ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
..... ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။
.....( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူလေသည်။ .
....အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။..... (၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်..........။ ...မြတ်ဘုရားရဲ့.........ကျေးဇူးတော်ကို သိမြင်ပြီး အဖဘုရားကို အဖ၏တရားဖြင့် အဖအကြိုက် ပူဇော်ခြင်း နဲ့ ပူဇော်ကျေးဇူးဆပ်ကြစို့............။