Saturday, November 27, 2010

..... ဆရာအရှင်၏ ကန်တော့နည်းဖြင့် ရှိခိုးကန်တော့ပါ၏.....။




~~~ နမောတသ၁ ဘဂ၀တော - အရဟတော သမ္မာသံဗုဒ္ဓသ၁ ~~~

~~~~~~.....“ဘလော့”
... အဦးအစ အဖွင့်စာမျက်နှာလေးကို....~~~~~~
.....ဆရာအရှင်၏ကန်တော့နည်းဖြင့်.....
ရှစ်ခိုးကန်တော့ကာ စတင်ပါသည်။

.....
အနန္တဂုဏ်အင် ကျေးဇူးရှင်များ ဖြစ်ကြသော အနှိုင်းမဲ့ရတနာမြတ် သုံးပါးနှင့်မိဘ-ဆရာ အနန္တငါးဖြာအား ရိုသေမြတ်နိုး လက်ဆယ်ဖြာ ဦးထိပ်မှာ မိုးလို့ ရှစ်ခိုးကန်တော့ပါ၏........

““ဘုရားရတနာ””

..... သစ္စာလေးပါး မြတ်တရားတော် တို.ကို ဆရာမကူ သရဗ္မူဥာဏ်တော်မြတ်ကြီးဖြင့် မိမိကိုယ်တော်တိုင် အကြွင်းမဲ့အကုန်အစင် ထိုးထွင်းသိမြင် အောင်မြင်တော်မူပြီး ...သတ္တ၀ါဝေနေယျ အပေါင်းတို.အား ၄၅၀ါ.ကာလပတ်လုံး သစ္စာရေအေး အမြိုက်ဆေးတော် တို့ကိုတိုတ်ကျွေး တော်မူပေထသော ...
ကျေးဇူးတော် အရှင်သခင် မဟာဂရုဏာတော်ရှင် ဗုဒ္ဒံမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို၎င်း ..............။


““တရားရတနာ””

....... မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကောင်းစွာ ဟောကြား ညွန်ပြ ဆုံးမတော် မူခဲ့၍ .....ဆုံးမတော်မူ ခဲ့သည့်အတိုင်း လိုက်နာကျင့်ဆောင်သော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းတို.အား .......
လိုက်နာကျင့်ဆောင်သူတို့ ကျင့်ဆောင်ကြသည့် အလျှောက် အခါမလင့်သော အကျိုးကျေးဇူးအထူး တို.ကို ပေးစေတော်မူပေတတ်သော......
ရရှိစေတော် မူပေတတ်သော .......ဓမ္မံ, ဓမ္မတရား တော်မြတ်တို.၏ ဂုဏ်တော် ကျေးဇူးတော် တို့ကို၎င်း ..............။


““သံဃာရတနာ””

..... ဗုဒ္ဒံမြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ အဆုံးအမ ဓမ္မဒေသနာ တော်မြတ်တို့အား ယနေ.အချိန်ထိ နှစ်ပေါင်း ၂၅၅၄ ခုနှစ် တိုင်တိုင် အဓွန်ရှည် တည်တံခိုင်မြဲနေစေရန်အတွက် အစဉ်အဆက် အလွန်ခက်ခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးမားစွာဖြင့် အသက်ကိုစွန့်ကာ ထိမ်းသိမ်းကာကွယ် စောင့်ရှောက် တော်မူလာ ကြကုန်သော သံဃံ,သံဃာတော် အရှင်သူမြတ်အပေါင်း၏ ဂုဏ်တော် ကျေးဇူးတော်.....

“အမိ-အဖ ”

.
....ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အချိန်မှစတင်၍ လူဖြစ်အောင် ကျွေးမွေး လာခဲ့ကြသော ဘ၀တပါးသို့ကွယ်လွန်အနိစ္စ ရောက်သွား ကြပြီဖြစ်သော မွေးသဖခင် ကျေးဇူးရှင်ကြီး၊ မွေးသမိခင် ကျေးဇူးရှင်ကြီး နှင့် ကျန်ရှိနေသော ကျွှေးသမိခင် ကျေးဇူးရှင်ကြီး တို့အား၎င်း.......

“ဆရာများ”
........ ကျွှန်ုပ်အား ဓမ္မတရားအသိ၊ အသိတရားများ ရရှိလာအောင် ညွန်ကြားပြသ ဆိုဆုံးမတော်မူ ကြသော ကျေးဇူးတော်အရှင် မိုးကုတ်ဆရာတော် ဘုရားကြီး နှင့် တပည့်ဓမ္မကတိက ဆရာတော် ဥူးသုမင်္ဂလ၊ ဆရာသခင် ကျေူးဇူးရှင် အပေါင်း၏ ဂုဏ်ကျေးဇူးတော် တို့ကို၎င်း..............။


..... အနှိုင်းမဲ့ မဟာကျေးဇူးရှင်ကြီး များဖြစ်ကြသော အနန္တောအနန္တ ၅.ပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်မြတ် အပေါင်းအား ......
.....မမေ့မလျော့ မပေါ့ဆသော သတိ၊အသိတရား တို့နှင့်အတူ .........
-ဘုရားတပည့်တော်သည် လက်ဆယ်ဖြာကို ကြာဗဒုံမာကဲ့သို့ ဦးထိပ်မှာမိုးပြီး ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ရိုကျိုးခြင်း ကြီးစွာ - ထိခြင်း ၅.မျိုးနှင့် ရှစ်ခိုးကန်တော့ပါ၏ ။............
suymmm......

..... မှန်ရာကို သစ္စာဆိုပါသည်....


..... “ သမီး နှစ်ယောက် ” နှင့် သားများအတွက်သာ ................
ဖန်တီးကာဖြင့် ရည်ရွယ် ရေးသား/တချို့အားကူးယူထားပြီး “ဘလော့ဂါ” အမည်ခံ ကြံဖန်ထားသည်.....
.....တတ်သိနားလည် လူတကာတွေ အတွက် ဆရာရယ်လို. လုပ်ဖို.မရွယ်ရည် - မကြံစည်ရယ်တာ ...... အတိကျအသေအချာ ကျိန်တွယ်ပြီးကာ
“သစ္စာ” ဆိုပါ၏ ။.....
...တတ်သိ နားလည် အသိကြွယ်သော...လူပညာရှိ ရဟန်းပညာရှိများ ......
------{သည်ဘလော့ကလေး} ပမွှားလေးကို မတော်တဆ တွေ.ရှိသွားက
...{လိုအပ်နေတာ/ မှားနေတာကို}
အပြစ်မမြင်ဘဲနဲ့ ချစ်ခင်ကာ “ဆဲလျှက် ”- တွေ့တဲ့နေရာ ““ဆောက်ကန်”” ပြီးသာ ဆုံးမပြုင်ပြင် ပေးကြပါခင်ဗျာ.....။
နာခံ ရန်အသင့် ရှိနေသည် .......။
.......suymmm...

....အကိုရွှေ အမရွှေများ အတွက် ရွှေဖြစ်နည်း ......




““ဆရာတော် မေတ္တာရှင်၏ အဆုံးအမကို ပြန်လည်ပြီး တဆင့်ဖော်ပြခြင်း ဖြစ်ပါသည်””
--- ကြားသိ ဖတ်မိသူအပေါင်း အမှန်ကိုသိမြင် နိုင်ကြပြီး အမြန်ဆုံး ပြုင်-ပြောင်းလွှဲ ကြပြီးလျှင် တကယ့်အစစ်အမှန် အဖိုးထိုက်တန်သော “အခေါက်ရွှေ” များဖြစ်ကြစေကုန်သတည်း ........။
.....မြန်မာများ ဆင်းရဲရခြင်း/အောက်တန်း နောက်တန်း ကျရခြင်း/မတိုးတတ် မဖွံ့ဖြိုးရခြင်း ငတ်မွတ်ခေါင်းပါးနေရခြင်း ကမ္ဘာအနှံအပြားမှာ ကျွှန်လိုက်ခံနေရခြင်း မွဲသထက်မွဲနေရခြင်း စသဖြင့်........
......မဖြစ်မနေ ပြုင်စရာ ၁၁.ချက်ကို တဆင့်ဝေငှ သိစေပါသည်....
...၁။
.....ရွှေမြန်မာများသည်တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။

.....ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။
-ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့.......

ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။
-ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။
ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
...၂။
-မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။

ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

...၃။
-ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

...၄။
-ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့ အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

...၅။
-အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

...၆။
-အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။
အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
...၇။
- ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။
ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။
ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။

ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။

ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။

တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။

ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။

အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။

အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
...၈။
-မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

...၉။
-နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။
ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
...၁၀။
-နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။
အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။

အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
...၁၁။
- မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။
အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။
မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။
တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။

မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။ - မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။
ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။

လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။
၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောပါတယ်။
ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။
မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
ယနေ့မှစ...ဖော်ပြပါ ၁၁.ချက်အား လိုက်နာကျင့်သုံးကြပါစို့........
~~~ အကျိုးအပြစ်ကို ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက် ဝေမျှလိုက်တာပါ။
~~~

..... ရှေးဟောင်း ဗမာကြီးများ၏ ဗိသုကာအတတ်....








... “ခွန်မြလျှိုင်”... ( ဘလော့)မှ တဆင့် ကူးယူ ဖော်ပြပါ၏။



.
.....စာရေးသူ-နိုင်ငံခြားတွင်ကျောင်းတက်ရင်း ..........
-လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။


...အထူးသဖြင့် အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ် သက်ရောက်လာသော ကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။

...တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့် ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။

...ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူဘုရား ကျောင်းများရဲ့ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။
...စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။
ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း လေ့လာတွေ့ရှိဖူးပါသည်။
...မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။

ထိုအခါမှ ကျွန်မလည်း.....

( ၁ )..... ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း..

( ၂ ) .....ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း ဖြစ်ကြောင်း..

( ၃ )..... ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း......
( ၄ )..... ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း..

( ၅ )..... ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင် သော ဗိသုကာဖြစ်ကြောင်း......
( ၆ )..... ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ် လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊
ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊
လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။
ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊

နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့် မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊

စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့်ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။

ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။

သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။
သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။
အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ် လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှ မစဉ်းစားဖူးခဲ့ပါ။
စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။
ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။

ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။
ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။
ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။

ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ် ဖြစ်နေရသလဲ။

ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။
ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.......
စသည် စသည်ဖြင့်
ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော် ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။
မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင် ၀မ်းသာမိရပါသည်။

၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း..

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။
ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း..
၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း..
၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊

၅.ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့်
သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊
(အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ )
သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင် အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း..
၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း.......
( ၇ )...... စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း......
( ၈ )...... ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း..
၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း ၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော ကြာပန်းကဲ့သို့
လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊
ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
ငှက်ပျောဖူး ဆိုတာ ငှက်ပျော တစ်ပင်ရဲ့ နိဂုံး သင်္ကေတ ပါပဲ။ ပေတစ်သီး ကျီးတစ်သား ငှက်ပျော တစ်ပင် တဲ့။
ငှက်ပျော တစ်ပင်ဟာ ငှက်ပျောဖူး ထွက်လာပြီး ငှက်ပျော တခိုင် သီးပြီးတာနဲ့ သူ့ဘ၀ ပြီးဆုံး ရသလို
ကြာလှန် အဆင့်ဖြစ်တဲ့ (သံသရာမှာ အောက်သံသရာကို လည်စရာ မလိုတော့တဲ့ နိဗ္ဗာန် ရောက် ဖို့ သေချာ နေတဲ့) သောတာပန် အဆင့်ကို ရောက်ပြီ ဆိုရင် သံသရာမှာ ဆက် ရှင်သန် ကျင် လည် စရာ မလိုတော့တဲ့ အတွက် သံသရာ ပြီးဆုံးတဲ့ အတွက် ငှက်ပျောဖူးနဲ့ တင်စား တာပါတဲ့ရှင်။
ငှက်ပျောဖူး ပြီးရင်တော့ အထက် မှာ ထီးတော်ပဲ ရှိတော့တာမို့ ထီးတော်နဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကိုတော့ တင်ပြ ပြီးသားပါ။
ပေဖူး ပုံ မသုံးဘဲ ငှက်ပျောဖူး ပုံ သုံးရခြင်း အကြောင်းက မျက်စိ အမြင်ထဲ မှာ ပုံပန်း သဏ္ဍာန် အရ ကြည်ညို သပ္ပါယ ဖြစ်မယ့်ပုံကို ရွေးလား မသိပါဘူးနော်။
ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်း ရှူးပြီး ထီးတော် ခုနှစ်ဆင့် အဖြစ် တက်သွား သလို သောတာပတ္တိ မဂ်ဥာဏ် ရပြီး သား သူဟာလဲ အထက်မဂ် ဖိုလ် ၇ဆင့် ဆီကို တသမတ်တည်း အစဉ်လိုက် ရရှိ ရောက်ရှိ သွားတဲ့ သဘောကို ဖော်ကျူးတဲ့ အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော် ၇ဆင့်ကြား အချိတ်အဆက် မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။
....ဒီအကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှု ရပါတယ်ရှင်။.....
( ၁၁ )...... ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း ......

( ၁၂ )...... ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊
ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊
ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊
ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း......
( ၁၃ ). စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း.
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည် ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း..
ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း..သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော မေးခွန်းရှိလာပါသည်။

ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင် သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း
နိဗ္ဗာန်သို့ ၀င်စံ တော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။......
( ၁၄ )....... အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး
စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ ခံစားကြ ရမည် ဖြစ်လေသည်။ .....သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။
ထိုစေတီ များကို ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန် တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။

မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊
မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့် တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟော ပါသည်။
ဖြစ်နိုင်လောက်ပါသည်။
ဒါကြောင့်လည်းဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင်
စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။
ထို အဟောင်းများရဲ့ အနှစ်များကို မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။
သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။
အဟောင်းရဲ့ အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သိုမဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ် ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။ ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့ ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။
ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။
ကျွန်မ အတွက် ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ ပြောချင်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။
မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့် ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့ အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်းကောင်း၊
သည်လို မြန်မာစာ၊ ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင်
မြန်မာ့ ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊
၃၁ဘုံတွင် ကျင်လည်ကုန်သော ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။
...................အမျှရပြီး နိဗ္နာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ........................

....မီးထွန်းပွဲတော် အဦးအစ နှင့် ဖြစ်ပေါ်လာပုံ........








...သမီးလေး သိစေဖို.ရာ.....သီတင်းကျွှတ် မီးထွန်းပွဲတော်မဟာ.......
.....
သီတင်းကျွတ်လပြည့်နေ့ ညမှာ........
----( အဘိဓမ္မာဒေသနာ-တရားတော် )ကို...ဟောကြားတော်မူပြီး
နတ်ပြည် နတ်ရွာမှ စောင်းတန်း ၃.သွယ်နဲ့ သိကြား ဗြဟ္မာ များခြံရံကာ လူတို့ဌာနေ သို့အပြန် ..... ---လူ့ပြည်မှလည်း လူသားအပေါင်းက လွမ်းဆွတ်-တသကာ- သုံးလူထွဋ်ထား မြတ်ဘုရားအား ရောင်ဝါထိန်ညီး ဆီမီးများဖြင့် သောင်း-၂ ဖြ-၂ ကြိုဆိုပူဇော် ဖူးမျှော်ကြရာ ...... ထိုအလေ့အထသည် ယနေ့တိုင်အောင် ဆက်လက်ပြီး သီတင်းကျွှတ် လေတိုင်း “မြတ်ဘုရားအား”... ဆီမီးများဖြင့် နှစ်စဉ်မပျက်မကွက် ကြိုဆိုပူဇော် လာခဲ့ကြခြင်းကို အကြောင်းပြုလို့ သီတင်းကျွတ် မီးထွန်းပွဲတော် ရယ်လို့ပေါ်ပေါက်လာတာ နှစ်ပေါင်း ၂၆၀၀-ပြည့်တော့မည်။
......နောက်လည်းတဖန် တနည်းဆိုရလျှင်........
.....သီတင်းကျွတ်လပြည့်နေ.သည်- ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။


.....ပိုပြီးထူးခြားတာကဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာအဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။


ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာမြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်းဖြစ်ပါတယ်။

.....မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါးဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ .....ဒီအလေ့အထဟာ နတ်ပြည်ကဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင်စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ .....မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာကပ်ဆိုတော်မူပါတယ်။
.....
ဝါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော်ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
..... ဘုရားရှင်ရဲ့မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး(၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ .....ဘုရားဖြစ်တော်မူပြီးတဲ့မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်းဖြစ်ပါတယ်။
.....အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။
.....၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့်နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။
.....ဘုရားရှင် လူ့ပြည်ဆင်းတဲ့အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကိုဆက်လက်ဟောကြားစေတော်မူပါတယ်။
.....နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာအရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာဒေသနာတော်အကြောင်းအကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။
.....အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။
......ပြီးတော့အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။
.....ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီးတပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာဒေသနာတော်ပဲ ဖြစ်ပါတယ်။ ......တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကိုနေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန်လူ့ပြည်မှာလည်း အပြီးတိုင်ဟောကြား ပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။
..... အဘိဓမ္မာဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာသောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာအပေါင်း ဟာလည်းတရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။ ......တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကိုဆင်းကြွတော်မူပါတယ်။
လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။
.....ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကိုဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသောပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။
.....ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာသီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာအဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွား သရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။
.....ဒါကြောင့်သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ်အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ်သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။
......စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက်မိတ်ဆက် တင်ပြလိုပါတယ်။
ဘုရားရှင်ရဲ့ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကိုသတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများလိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့အာဏာဒေသနာ၊ အဘိဓမ္မာ ပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား)များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။
..... ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရအဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကိုတကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကိုဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။
.....အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊စေတသိက်တို့ရဲ့သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက်ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။
......ပြီးတော့ အဘိဓမ္မာမှာ လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကိုတိတိကျကျဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေးတရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။
.....ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်းသိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိမျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ......ဒီလိုအကျိုးတရားနဲ့ သဘောတရားများကိုအဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသ ပေးထားတဲ့ အတွက်အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်းဆိုခြင်းဖြစ်ပါတယ်။
ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကိုအကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

.....ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှုအကြောင်းပဲ ဖြစ်ပါတယ်။
...... မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများတိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်းသိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာဖြစ်ပါတယ်။
.....ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာတာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ..........ဘုရားရှင်ကိုလည်း ပူဇော်ရင်းဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်းလေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာကုသိုလ်တရား ပွားနိုင်ကြဖို့ ...........
...........သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာအခါတော်နေ့ အကြောင်းကို-
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်.........။
........သို့ဖြစ်ပါသောကြောင့်-----
.........ဗုဒ္ဓရှင်တော်မြတ်အား သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ ဆီမီးများနှင့်ကြိုဆို ဖူးမျှော်ပူဇော်ကန်တော့ခြင်းကို ..... ဗုဒ္ဓဘာသာဝင်တို့ အပျော်ကျုးရန် ဒုစရိုက်အားလုံး တရားဝင် ပြုလုပ်ရန် ပွဲတော်ကြီး မဟုတ်ပါကြောင်း..... ဗုဒ္ဓဘာသာဝင်တိုင်း ရင်ထဲမှ (လေးနက်) ၂ သိနားလည်ပေးကြပါ.......။

.....နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်တို.၏ .....




.....ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
......ကျွန်တော်၏ဓမ္မ မိတ်ဆွေများ ဘာသာရေး အသိ တိုးပွါးစေခြင်းအကျိုးငှာ သုတေသနသရုပ်ပြအဘိဓါန် မှ ကူးယူဖော်ပြပါသည်။

၁ ။...ဘုရားရှင်အမည်တော်...။
၂ ။
...ဒုက္ကရစရိယာကာလ။
၃ ။
...အမှီပြုသည့်အပင်။
၎ ။...အသက်တော်။

(၁) တဏှင်္ကရာဘုရား- ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ တသိန်း

(၂) မေဓင်္ကရာဘုရား ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ ကိုးသောင်း။

(၃) သရဏင်္ကရာဘုရား- တလ၊ သခွတ်ပင် ဗောဓိ၊ ရှစ်သောင်း။

(၄) ဒီပင်္ကရာဘုရား- ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ တသိန်း။
(၅) ကောဏ္ဍညဘုရား- ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ တသိန်း။

(၆) မင်္ဂလဘုရား- ရှစ်လ၊ ကံ့ကော် ဗောဓိ၊ ကိုးသောင်း။

(၇) သုမနဘုရား- ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ ကိုးသောင်း။

(၈) ရေ၀တဘုရား- ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ ခြောက်သောင်း။

(၉) သောဘိတဘုရား- ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား- ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ တသိန်း။

(၁၁) ပဒုမဘုရား- ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ တသိန်း။

(၁၂) နာရဒဘုရား- ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ ကိုးသောင်း။

(၁၃) ပဒုမုတ္တရဘုရား- ၇ -ရက်၊ ထင်းရူးပင် ဗောဓိ၊ တသိန်း။

(၁၄) သုမေဓာဘုရား ၁၅-ရက် ထိန်ပင် ဗောဓိ၊ ကိုးသောင်း။

(၁၅) သုဇာတဘုရား- ကိုးလ ၊ ၀ါးပင် ဗောဓိ၊ ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား- ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား- ရှစ်လ၊ စကားပင် ဗောဓိ၊ တသိန်း။

(၁၈) ဓမ္မဒဿီဘုရား- ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ တသိန်း။

(၁၉) သိဒ္ဓတ္ထဘုရား- ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ တသိန်း။
(၂၀) တိဿဘုရား- ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ တသိန်း။

(၂၁) ဖုဿဘုရား- ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ ကိုးသောင်း။

(၂၂) ၀ိပဿီဘုရား- ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ ရှစ်သောင်း။

(၂၃) သိခီဘုရား- ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား- ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ ခြောက်သောင်း။

(၂၅) ကကုသန်ဘုရား- ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ လေးသောင်း။

(၂၆) ကောဏဂုံဘုရား- ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သုံးသောင်း။

(၂၇) ကဿပဘုရား- ၆-ရက်၊ ပညောင်ပင် ဗောဓိ၊ နှစ်သောင်း။

(၂၈) ဂေါတမမြတ်စွာဘုရား- ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေဗောဓိ၊ ရှစ်ဆယ်။ ..................ကြည်ညို သဒ္ဒါ ပွားများ နိုင်ကြပါစေ..........။

..... မြတ်ဘုရား၏ “ကိုယ်ရေးရာဇ၀င် - အကျဉ်းချုပ်”.....




.....ချစ်သမီးငယ် ---
.....အဖေတို.၏ ကျေးဇူးတော်အရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ (ကိုယ်ရေးရာဇ၀င် အထ္တုပ္ပတိအကျဥ်း )
တန်ဖိုးရှိလှတဲ့ ဗဟုသုတ ဖြစ်စေခြင်း အတွက်--- ။

*အမည်- သိဒ္ဓတ္ထ ဂေါတမ

*ခမည်းတော် - သုဒ္ဓေါဒန ဂေါတမ မင်းကြီး
မယ်တော် - မိဖုရား မဟာ မာယာ
(မွေးဖွားပြီး ခုနှစ်ရက်အကြာတွင်သေဆုံးသည်)

*လူမျိုးစု - ခတ္တိယ

*မိထွေးတော် - မဟာပဇာပတိ ဂေါတမီ

*မွေးဖွားသည့်ရက် - ခရစ်မပေါ်မီ ၆၂၃ ခု၊ မေလ ၊ သောကြာနေ့ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့

*မွေးဖွားသည့်ဒေသ - လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ကပိလ၀တ်ပြည်

*မွေးဖွားသည့်တိုင်းပြည် - အိန္ဒိယ (ယခု နီပေါနိုင်ငံ) မဇ္ဈိမဒေသ
*မွေးဖွားသည့်နေရာရှိအပင် - အင်ကြင်းပင်
*ပထမဦးဆုံးပြောသည့်စကား - “ငါသည် တလောကလုံးထက်မြတ်၏”

*ဖွားဖက်တော် ခုနှစ်ဦး- ယသော်ဓရာမင်းသမီး၊ ညီတော်အာနန္ဓာ၊ ကာဠုဒါယီအမတ်လောင်း၊ ဆန္နအမတ် လောင်း၊ ကဏ္ဍကမြင်း၊ ရွေအိုးကြီးလေးလုံး၊ ဗောဓိပင်

*အိမ်ထောင်ပြုသည့်အသက် - ၁၆ နှစ်

*ဇနီး - ယသော်ဓရာ မင်းသမီး (၀မ်းကွဲနှမ)

*သားတော် - ရာဟုလာ
*ယောက္ခမတော်များ - သုပ္ပဗုဒ္ဓမင်းကြီး (ဒေ၀ဒဟပြည်မင်းကြီး)၊မိဖုရား အမိတ္တာ(သုဒ္ဓေါဒန မင်းကြီး၏ အမတော်) *ယောက်ဖတော် - ဒေ၀ဒတ် (ညီအကိုဝမ်းကွဲ)
*ကောဏ္ဍညပုဏ္ဏားပြောသည့်စကား - “အရှင်သားတော်သည် တောထွက်၍ ဘုရားဧကန်ဖြစ်လိမ့်မည်”

*နမိတ်ကြီးလေးပါး - သူအို၊သူနာ၊သူသေ၊ရဟန်း

*သားတော်မွေးဖွားပြီးပြောသည့်စကား - “ရာဟုဖမ်းပြီ၊အနှောင်အဖွဲ့ဖြစ်ပြီ”
*တောထွက်သည့်အသက် - ၂၉နှစ်၊(အိမ်ထောင်ပြုပြီး ၁၃ နှစ်အကြာ) *တောထွက်သည့်အချိန် - ခရစ်မပေါ်မီ ၅၉၄ ခု၊ ဇူလိုင်လ၊ တနင်္လာနေ့ (ညလယ်)၊မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့်နေ့
*မြင်းရထားမောင်းသူ - ဆန္နအမတ်

*တော်ဝင်မြင်းအမည် - ကဏ္ဍက (သခင်နဲ့ခွဲပြီးနောက်သေဆုံးသွားသည်)
*ဖြတ်သွားသည့်မြစ် - အနော်မာ
*သွားသည့်နေရာ - ဥရုဝေလတော

*ဘုရားလောင်းအားနောက်ဆုံးဆွမ်းကပ်သူ - သုဇာတာ ဃနနို့ဆွမ်း( ၄၉ လုပ်မျှသာ)
*ဘုရားလောင်းအားမြက်လှူဒါန်းသူ- သောတ္ထိယ မြက်ရိတ်သမားမှမြက်ရှစ်ဆုပ်လှူဒါန်းသည်
*ကျင့်ကြံမှု - မဇ္ဈိမ ပဋ္ဋိပဒါလမ်းစဉ်၊ ၀င်လေထွက်လေကို ရှုမှတ်ခြင်း

*နေရာ - အိန္ဒယနိုင်ငံ၊ ဘီဟာနယ်တွင်ရှိသော ဗုဒ္ဓဂါယာ -

*အမှီပြုသည့်အပင် - ဗောဓိပင်

*ဘုရားဖြစ်သည့်အသက် - ၃၅ နှစ်

*ဘုရားဖြစ်သည့်နေ့ - ခရစ်မပေါ်မီ ၅၈၈၊မေလ၊ ဗုဒ္ဓဟူးနေ့၊မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့

*တရားဦးဟောသည့်နေရာ - သမင်ခြံ၊ မိဂဒါဝုန်တော၊
တရားဦးဟောသည့်အချိန် - စနေနေ့၊ ဇူလိုင်လ၊ ခရစ်မပေါ်မီ ၅၈၈ မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်နေ့ *ဟောသည့်တရားဦး - ဓမ္မစကြာလက္ခဏသုတ် ပထမဆုံးသံဃာငါးဦး - အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပံ၊ အရှင်ဘဒ္ဓိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ *အမျိုးသားဓမ္မသေနာပတိ- ရှင်သာရိပုတ္တရာမထေရ် (ဥပတိဿ)၊ လက်ယာရံ။ *ရှင်မောဂ္ဂလာန် မထေရ်(ကောလိတ)၊ လက်ဝဲရံ
*အမျိုးသမီးဓမ္မသေနာပတိ - ခေမာ ထေရီ၊ လက်ယာရံ (ဗိမ္ဗိသာရမင်းကြီး၏မိဖုရား)။ ဥပ္ပလ၀ဏ် ထေရီ ၊လက်ဝဲရံ

*ဘုရားရှင်အားနောက်ဆုံးဆွမ်းကပ်သူ - စုန္ဒ (၀က်ပျိုသားဆွမ်း)

*ရောဂါ - သွေးဝမ်းသွားရောဂါ
*သက်တော် - ၈၀ နှစ်

*၀ါတော် - ၄၅ ၀ါ

*ပရိနိဗ္ဗာန်ပြုသည့် အပင် - အင်ကြင်းပင်နှစ်ပင်ကြား

*ပရိနိဗ္ဗာန်ပြုသည့်နေရာ - အင်ကြင်းဥယျာဉ်၊ ကုသိနာရုံပြည်
(ယခု ဥတရာပတ်၊ အိန္ဒိယနိုင်ငံ)

*ဗုဒ္ဓ၏ နောက်ဆုံးသာဝက - သုဘဒ္ဒ မထေရ်

*ဗုဒ္ဓ၏ နောက်ဆုံးစကား -
“ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောရှိကြသည်။
........သင်ချစ်သားတို့ မမေ့မလျော့သောသတိတရားတို့ဖြင့် အားထုတ်ကြကုန်လော့”
............( အပ္ပမာဒေန သမ္မာဒေထ )..........

*ပရိနိဗ္ဗာန်ပြုသည့်အချိန် -
ခရစ်မပေါ်မီ ၅၄၃ ခု၊ မေလ၊ အင်္ဂါနေ့ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့်နေ့ .......ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။

*သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
*ပါရမီ(၃)မျိုး၊
*သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…

၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊

၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊

၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊

အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။

စွန့်ခြင်းကြီး(၅)ပါး၊ ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊

၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊

၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။

၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။

၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။

ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။
.....ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောကဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။
......နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
......ကြည့်ခြင်းကြီး(၅)ပါး၊
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊

၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊

၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊

၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့် သူ၏သက်တမ်း အပိုင်းအခြား၊
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာ ဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။
..........ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။ .....ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
....ကပိလ၀တ်နဲ့ ဒေ၀ဒဟ နှစ်ပြည်ထောင်သာကီဝင်မင်းတို့ဟာ ဘိုးစဉ်ဘောင်ဆက်
ကတည်းက မောင်လှယ်နှမလှယ် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြပါတယ်..။
......
ကပိလ၀တ်ပြည့်ရှင်-ဇေယျသနမင်းရဲ့သားတော် သီဟဟနုနဲ့ ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သမီးတော်-ကဉ္စနာမင်းသမီးတို့ လက်ဆက်လိုက်တဲ့အခါ သုဒ္ဓေါဒန၊ အမိတောဒန၊ ဓေါတောဒန၊သက္ကောဒန၊ သုက္ကောဒနဆိုပြီး သား(၅ယောက်၊ အမိတာနဲ့ ပါလိတာဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။
ဒါက သုဒ္ဓေါဒနတို့ ဘက်ကမိသားစုပါ..။
ဒေ၀ဒဟပြည့်ရှင် ဥက္ကာသက္ကမင်းရဲ့သားတော် အဉ္စနာမင်းသားနဲ့ ကပိလ၀တ်ပြည့်ရှင် ဇေယျသနမင်းရဲ့သမီးတော် ယသောဓရာ (ဘဒ္ဒကဉ္စနာယသောဓရာ ရဲ့အဖွားလေးတော်စပ်ပါတယ်..) တို့ လက်ဆက်လိုက်တဲ့အခါ သုပ္ပဗုဒ္ဓနဲ့ ဒဏ္ဍပါဏီဆိုပြီး သား(၂)ယောက်၊ သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီဆိုပြီး သမီး(၂)ယောက် မွေးဖွားခဲ့ပါတယ်..။ ဒါက မယ်တော်မာယာ တို့ဘက်က မိသားစုပေါ့..။
သီဟဟနုရဲ့သားတော် သုဒ္ဓေါဒနနဲ့ အဉ္စနာမင်းရဲ့ သမီးတော်နှစ်ပါးဖြစ်တဲ့
သီရိမဟာမာယာဒေ၀ီနဲ့ ပဇာပတိဂေါတမီတို့ လက်ဆက်လိုက်တဲ့အခါ သီရိမဟာမာယာဒေ၀ီက ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ပဇာပတိဂေါတမီက ရူပနန္ဒာမင်းသမီးနဲ့နန္ဒမင်းသားတို့ကို အသီးသီးမွေးဖွားခဲ့ပါတယ်..။
...နောက်တစ်ခါ သီဟဟနုမင်းရဲ့ သမီးတော် အမိတာနဲ့ အဉ္စနာမင်းရဲ့သားတော်
သုပ္ပဗုဒ္ဓတို့ လက်ဆက်ရာမှာ သမီးတော် ဘဒ္ဒကဉ္စနာယသောဓရာ နဲ့ သားတော် ဒေ၀ဒတ် တို့ကိုမွေးဖွားခဲ့ပါတယ်..။
ဘုရားလောင်းသိဒ္ဓတ္ထမင်းသားနဲ့ ဘဒ္ဒကဉ္စနာယသောဓရာတို့လက်ဆက်လိုက်တဲ့ အခါ သားတော်ရာဟုလာလေးကို မွေးဖွားခဲ့ပါတယ်..။
.....၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။ ............ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။

.....သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
...ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။
.........(ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူလေသည်။
..... ( ပု ) ( ဒိ ) ( အာ ) ဟုဆိုအပ်သော .....။
..... ( ပု )ညဥ့်ဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။
..... ( ဒိ ) သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။
.....( အာ )မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူလေသည်။
.
....အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။

သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။

..... (၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်..........။ ...မြတ်ဘုရားရဲ့.........ကျေးဇူးတော်ကို သိမြင်ပြီး အဖဘုရားကို အဖ၏တရားဖြင့် အဖအကြိုက် ပူဇော်ခြင်း နဲ့ ပူဇော်ကျေးဇူးဆပ်ကြစို့............။

....“ ချစ်သမီးလေး” တဘ၀စာ အဆောင်-ရတနာများ......


~~~~ ရတနာများ ~~~~
.....သာသနာပြု .....

.....
မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့်လမ်းညွှန်မှု့များကို တိကျသေချာစွာ လိုက်နာသင်ယူ နာကြား ကျင့်ကြံ ပွားများပြီး တတ်သိနားလည်သည်များကို မသိနားမလည် သေးသောသူ အပေါင်းအား တဆင့်ပြန်၍ ဟောပြော ဆုံးမညွှန်ကြား ပြသသင်ကြား ပေးခြင်း ။
(ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို နာကြား-သင်ယူ-ပို.ချ-ကျင့်ပွား -အားထုတ်နေခြင်း)
......သာသနာပြုပုဂ္ဂိုလ်
=
မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့်လမ်းညွှန်မှု့များကို တိကျ သေချာစွာ လိုက်နာ သင်ယူနာကြား ကျင့်ကြံ ပွားများပြီး တတ်သိ နားလည်သည်များကို မသိနား မလည်သေးသော သူအပေါင်းအား တဆင့်ပြန်၍ ဟောပြော ပို.ချဆုံးမ ညွှန်ကြား ပြသပေးသောသူကို သာသနာပြုပုဂ္ဂိုလ်။
......သာသနာ ၃-ရပ် ......
၁။
ပတ္တိရတ္တိ သာသနာ........ -သင်အံလေ့လာနာကြားခြင်း = (သင်ကြား)။
၂။
ပတ္တိပတ္တိ သာသနာ... -သိထားသည်များကို စနစ်တကျ ကျင့်ကြံပွားများခြင်း=(အကျင့်)
၃။ ပတ္တိဝေဒ သာသနာ...
-သင်အံလေ့လာနာကြားခြင်း များနှင့် -သိထားသည်များကို စနစ်တကျ ကျင့်ကြံပွားများခြင်း ၂.ရပ်စလုံးကို ပတ္တိဝေဒ သာသနာ... ဟုခေါ်ပါသည်။ .....“သာသနာဖျက်ပုဂ္ဂိုလ်”
=
...သာသနာပြုပုဂ္ဂိုလ် ဆိုသောအနက်နှင့် ဆန့်ကျင်ဘက်။
.....ဘုရား တရား သံဃာ ကိုဘာကြောင့်ရှစ်ခိုး ကန်တော့ ရလည်း ......

- ရေတွက်ပြလို့ မရလောက်အောင် အနန္တ-အနှိုင်းမဲ့ကျေးဇူးများ ရှိလို့ ရှစ်ခိုးရတာ။
.....ဘုရား တရား သံဃာသည် ဘာကြောင့် ကျေးဇူးများရသလည်း.....
- မိမိ၏ ယ္ခုဘ၀ နှင့် နောင်သံသရာ ဘ၀များ အတွက်ပါ
...
အကြောင်း အကျိုး အကောင်း အဆိုး အမှားအမှန် တို.ကို တိတိကျကျ သေသေချာချာ လေးလေးနက်နက် သိစေအပ် ပါသောကြောင့်.....

......ဘုရား တရား သံဃာကို ဘယ်လို ရှစ်ခိုးရမလည်း.....

- အနှိုင်းမဲ့ကျေးဇူးများရှိသည်ဟု ကျေးဇူးတရားများကို သိမြင်ပြီး ရှစ်ခိုးရမှာ။
.....သံသရာ.....
....စဉ်ဆက်မပြတ် လည်ပတ်နေသောသဘော။
.....အဆုံး အစ မရှိခြင်း သဘော။

.....ကံသုံးပါး .....
၁။( ကာယကံ )ံ=
ကိုယ်တိုင် ကိုယ်ထိလက်ရောက်လုပ်တာ ။
၂။(၀စီကံ)=
အပြောအဆို(ပါးစပ်) နဲ့လုပ်တာ။
၃။( မနောကံ )ံ=
စိတ်ကူး နဲ့လုပ်တာ ။
.....တိထ္တိ =
(၀ါဒရှင်) အယူဝါဒအမျိုးမျိုးကို ဖန်တီး တီထွင် ကြံစည် နေကြသူများ ။

.....မိစ္ဆာ =
( မကောင်းဆိုးဝါး)
အလုံးစုံသော မကောင်းမှု့မှန်သမျှတို့ကို ဖန်တီးပြုလုပ်တတ်သောသူ။
.....ဒိဋ္ဌိ=
သာသနာပ အချိန်ကာလမှာ ( အယူဝါဒ/အယူအဆ) ဟုခေါ်ပြီး ။
သာသနာတွင်း ကာလမှာ( အမြင်အမှန်တရား ) ။

........လောကမှာ ဒိဋ္ဌိ=၂ မျိုးဘဲ ရှိတယ်။

(၁)။ မိစ္ဆာဒိဋ္ဌိ
-မကောင်းဆိုးဝါး /အယုတ်ညံဆုံးသော အောက်တန်းအကျဆုံးသော ။ -အလုံးစုံသော မကောင်းမှု့မှန်သမျှတို့ကို ဖန်တီးပြုလုပ်သည့် အယူအဆ၀ါဒ (အသိအမြင်) ။
(၂)။သမာဒိဋ္ဌိ
မှန်ကန်တိကျသေချာစွာ သိမြင်တတ်သော(အယူအဆ၀ါဒ/ အမြင်အမှန်တရား) ။
.....အပယ်၎.ဘုံ.....
၁။ ငရဲဘုံ ၂။ တိရိစ္ဆာန်ဘုံ ၃။ ပြိတ္တာဘုံ ၄။ အသူုရကယ်ဘုံ
.....ဓမ္မာရုံ =
ဓမ္မ အာရုံတို့ ကျက်စားရာ/ ထုံမွန်းရာ နေရာ ။

.....ယောဂီ =
မြတ်သောအကျင့်ကိုကျင့်ကြံ အားထုတ်နေသောသူ ။

.....ယောဂီ အတွက်ဆောင်ပုဒ် = အမှု့မများ၊စကားသိမ်းဆည်း၊ စောင့်ဆည်း အိနြေ္ဒ၊ အိပ်နေနိုးကြား၊ အစားမကြီး၊ တယောက်တည်းနေ....ဤ ၆.ထွေ မှတ်ရန်.ယောဂီ အတွက်။ .....တရားရိပ်သာ =
စုပေါင်း၍ တရားအားထုတ်သောနေရာ / ဋ္ဌာန ။

.....တရားအားထုတ်ခြင်း
-တရားကိုသိအောင်လုပ်တာ ။ တရားအသိ စင်ကြယ်အောင်လုပ်တာ ။
ကိုယ့်အရှိကို သိအောင်လုပ်တာ။
-တနည်းအားဖြင့်...ကိုယ့်အကြောင်းကို ကိုယ်သိအောင်လုပ်ခြင်း ။
ကိုယ့်ကိုယ်အရှိ နှင့် အသိ ကိုက်အောင်လုပ်တာ ။
-လုပ်ဆောင်ရမှာက..... -ပထမဦးဆုံး (အိနြေ္ဒစောင့်ထိမ်းမှု့) ကစတင်ရမှာဖြစ်တယ်။ -ဥပမာ -သွား လာ ပြောဆို နေထိုင်လုပ်ကိုင် နားထောင် ကြည့်ရှု့ စား သောက် အိပ် မှု့များ..... စသဖြင့် အားလုံးကို ““သတိ နဲ့ သိအောင်”” နေတာကို ခေါ်သည် ။
.....ဥာဏ် = (ပညာ)
အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ပိုင်းခြားသိတာ...ဥာဏ်/ပညာ
.....အရိယာ =
သူတော်ကောင်း / သူတော်စင်

.....ဗုဒ္ဓဘာသာဝင် = သစ္စာလေးပါးတရားအသိပိုင်ရှင် မြတ်ဘုရားသခင်၏ အဆုံးအမ အတိုင်း တိကျသေချာစွာ လိုက်နာကျင့်ကြံ နေထိုင်သူ။
.....ဗုဒ္ဓ+ဘာသာ.....
- ( ဗုဒ္ဓမြတ်စွာ )ဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ + အဆုံးအမ သြ၀ါဒ။
.....““ဘုရား””
.....သစ္စာလေးပါးမြတ်တရားတော် တို့အား ဆရာအကူ အညီလုးံဝမရှိပါဘဲ မိမိ၏ သရဗ္မူ.ဥာဏ်တော်မြတ်ကြီးဖြင့် တစမကျန် အလုံးစုံ၊အကုန်အစင် သိမြင်၊ရရှိ ဆောင်ယူတော်မူပြီး ဝေနေယျသတ္တ၀ါ အပေါင်းအားလည်း သိမြင် နားလည်အောင် ဟောဖော် ညွှန်ပြပြီး သံသရာဝဲသြဂမှ ကယ်တင် ဆောင်ယူတော်မူ နိုင်သော ပုဂ္ဂိုလ်မြတ်ကြီး ။
.....““တရား””
- ဘုရားရှင် ကိုယ်တော်မြတ်ကြီး ၄၅.၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သည့် မပြောင်းမလွဲ မဖောက်မပြန် မယိမ်းမယိုင်ဘဲ ထာဝရ တိကျမှန်ကန် တိကျ သေချာသော သဘာဝအကြောင်းခြင်းရာများ ။

.....““သံဃာ””
- ကိလေသာ အညစ်အကြေးများ ကုန်စင်ပါးအောင် ကျင့်ကြံ ပွားများနေပြီး အကျဉ်းအားဖြင့် ၂၇၀-ကျော်သော သိက္ခာပုဒ် တော်တို့အား လိုက်နာ ဆောင်ယူထားပြီး တရားတော်မြတ်တို့အား ကိုယ်တိုင်လည်း သိရှိ ၊ကျင့်ကြံပွားများပြီး ဝေနယျသတ္တ၀ါ အပေါင်းအားလည်း သိမြင်နားလည်အောင် ဟောဖော်ညွှန်ပြ ပေး၍ ဗုဒ္ဓသာသနာ တော်မြတ်အား ထာဝရစည်ပင်ဝပြော နေစေရန် နှင့် မကွယ်မပျောက် မပျက်မစီးဘဲ နေလို၊လလို အစဉ်ထာဝရမြဲမြန် ထွန်းလင်းတောတ်ပ နေစေရန် အစဉ်ကျိုးပမ်း ရွက်ဆောင်နေသော စည်လုံးညီညွတ်နေသော မြတ်ဘုရား၏ တပည့်၊သားတော်များကို ခေါ်ဆို၏။
.....သရဏဂုံ ၃.ပါး =
ဗုဒ္ဓံ သရဏံဂစ္ဆာမိ ၊ ဓမ္မံ သရဏံဂစ္ဆာမိ ၊ သံဃံ သရဏံဂစ္ဆာမိ ၊။

.....ရတနာ.....
- လောက၌ လူသားတို့မှ အဖိုးအနတ္တက္ကမ အရှိဆုံး။ ရရှိရန် အလွန်. အလွန်အခက် အခဲဆုံး အလွန်အရှားပါးဆုံးဟု သတ်မှတ် တန်ဘိုး ထားသောအရာဝတ္ထု ပစ္စည်း ။ .....ရတနာ ၃.ပါး .....
၁။...ဘုရား-အမြတ်ဆုံးရတနာ ။ ၂။...တရား-အမြတ်ဆုံးရတနာ ။ ၃။...သံဃာ-အမြတ်ဆုံးရတနာ ။
......လောက၏ ရတနာများထက်တုနှိုင်း၍ မမှီအောင် သာလွန်မြင့်မြတ်သော အနှိုင်းမဲ့ ရတနာများဖြစ်၏ ။
.....ကုသိုလ်
လောဘ ဒေါသ မောဟ မပါဘဲပြုလုပ်သော အလုပ်ကို ကုသိုလ်ဟုခေါ်သည်။
.....( မိမိပြုလုပ်သော မည်သည့်အလုပ်မဆို။ )
.....အကုသိုလ်
လောဘ ဒေါသ မောဟ နှင့် ပြုလုပ်သော အလုပ်ကို အကုသိုလ်ဟုခေါ်သည်။

.....( မိမိပြုလုပ်သော မည်သည့်အလုပ်မဆို )
~~~~~~ (ဆက်လက်ရေးသား ဖော်ပြ / တင်ပြ - ပါအုန်းမည်..........)~~~~~~

.....မေးခွန်းလေးဘဲ ထပ်ဖြေလိုက်ပေါ့.....

-.....ဘုရားရှင်ကို ဘာကြောင့် ရှစ်ခိုးရပါသနည်း..... ?
ဘာအတွက် ..... ? ဘယ်လောက်..... ? ဘယ်လို ..... ?

-တရားတော်များကို ဘာကြောင့် ရှစ်ခိုးရပါသနည်း..... ?

ဘာအတွက် ..... ? ဘယ်လောက်..... ? ဘယ်လို ..... ?

- သံဃာတော် အရှင်သူမြတ်တို.အား ဘာကြောင့် ရှစ်ခိုးရပါသနည်း..... ?
ဘာအတွက်..... ? ဘယ်လောက်..... ? ဘယ်လို ..... ?

......ထိုထိုအမေး၃.ခွန်းအား မှန်ကန်သေချာကျနစွာ ဖြေဆိုနိုင်ပြီး လည်းဖြစ် .....။ ......ဖြေဆိုခဲ့သည့် အတိုင်းလည်း ကျင့်သုံး နေထိုင်သွားပါက စစ်မှန်သေချာသော ဗုဒ္ဒဘာသာဝင် စစ်စစ် မလွဲဧကန် ဖြစ်လေပြီ ။ (ဆရာရှင်၏အမေးပုစ္ဆာဖြစ်ပါသည်။)

.....ယုံလား- ယုံရင်...ဖွင့်ပြောပြဖို.ရှိတယ်......။


.....သင်သည် ဗုဒ္ဒဘာသာဝင် တယောက် “ ဘုရား -တရား -သံဃာ ” ကိုစိတ်ဝင်စားခဲ့ပါလျှင်......
<<<.....သင့်တသက်တာ ဘ၀အတွက်အရင်အဦးဆုံး လုပ်ရမှာက .....>>>
.....သင့်ရင်တွင်း နှလုံးသားထဲမှာ
“သရဏဂုံမြတ်” “ ၃ ”.ပါးအား မြတ်မြတ်နိုးနိုး တန်ဖိုးထားကာ .......
““... မှတပါးအခြားမရှိဟု ”” ယုံကြည်သဒ္ဒါ ကြီးမားစွာဖြင့် နှလုံးသွင်း ခံယူတည်ဆောက် လိုက်ပါလေ......။
-ထိုမှနောက်တဖန်...“ တရားအမှန်ကို ” လေ့လာ စမ်းသပ် အားထုတ်ကြည့်ချင် ဖြစ်ခဲ့ပါလျှင် .......
.....အမွန်အစ ပထမမှာ လုပ်ဆောင်ရမဲ့ ၃.ပါးအချက်ကို
မြတ်ဘုရားဆိုသည် -
မဖြစ်မနေ လုပ်ရပေလိမ့်မည် ....။
.......“တရား” အလွယ်တကူရဖို.တည်း .....။

.....“ မြတ်ဘုရားရှင် ” မိန်.မှာခဲ့ခြင်းကို ကျေးဇူးတော်အရှင် မိုးကုတ်ဆရာတော်ဘုရားကြီး နှင့် ဆရာအရှင် ဥုးသုမဂ်လ/ဆရာတော်အပေါင်းမှ ပြန်လည်ဟောဖော် ညွှန်ပြတော်မူ သည် အမြန်လုပ်ဆောင်ကြပါစို. .....
.....သင်၏ ဦးခေါင်းထိပ်မှာ မီးများလောင်ခဲ့ပါက ... သင်၏ ရင်ဝမှာ လှံတံစူးစိုက် ခဲ့ပါက ထိုအရာများကို အလျှင်အမြန် ဖယ်ရှင်းလျှင် သင့်အသက်ပုံမှန် ရှင်သန်ရမည် ဆိုပါညား ။ .....ထိုအရာများအား မြန်စွာဖယ်ရှားလိုခြင်းထက် -
....သင့်ရင်တွင်း/ စိတ်အတွင်းမှ ဒိဠိ“ ၃ ”ပါးအား သင့်အသက်ဘေး များဖြစ်သော ...ဦးခေါင်းထိပ်မှာ မီးလောင်နေခြင်း ။ ...ရင်ဝမှာ လှံစူးခြင်းကို ။ ......
......ခေတ္တထားပြီး ဦးစွာပထမ
အရင်ဆုံး နှင့် ချက်ချင်း ထိုထို ၃-ပါးအား အလျှင်အမြန် ဦးစားပေးကာ ဖယ်ထုတ်ရမည် အဲ့သလောက် ထိတောင် အရေးကြီးသည် ။.....
.....ဒိဠိ“ ၃ ”ပါးဆိုသည်မှာ.....
၁ ။ သက္ကာယ
ဒိဠိ.....
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ ငါ့---သား / သမီး /ဇနီး/ရွှေ/ငွေ/အိမ်/အလုပ် ...... ငါ ငါ ငါ......ဘဲထင်မှတ်စွဲတာ......။

၂ ။ သသ၁တ
ဒိဠိ.....
ထိုထို အရာတွေဟာ ထာဝရ တည်တယ် မြဲတယ်လို့
မှတ်ယူစွဲတာ......။
၃ ။ ဥစ္ဆေဒ ဒိဠိ.....
ထိုထို အရာတွေဟာ သေရင် ပြီး/ပြတ်တယ် ။ နောက်ဘ၀မရှိ ဘာမှမရှိ ပြတ်စဲသော/
ပြီးပြတ်သောဝါဒ ကိုမှတ်ယူစွဲတာ......။